Yeo Jingoo နဲ့ (၁၃)နှစ်အကြာမှာပထမဆုံးအကြိမ်ပြန်ဆုံကြတဲ့အကြောင်းပြောပြခဲ့တဲ့Moon Gayoung
Moon Gayoung ဟာမကြာခင်ကမှ ‘DAZED Korea’ magazine အတွက်ဓာတ်ပုံရိုက်ကူးခဲ့ပီးအင်တာဗျူးလဲလုပ်ခဲ့ပါတယ်။အင်တာဗျူးအတွင်းသူမကYeo Jingoo နဲ့မကြာခင်ထွက်ရှိလာတော့မဲ့ ‘Link’ Drama အကြောင်းကိုပြောခဲ့ပါတယ်။သူတို့ဟာ2009 ရဲ့SBS drama ‘Ja Myung Go’ မှာကလေးသရုပ်ဆောင်တွေအဖြစ်ပါဝင်ခဲ့ကြပီး(၁၃)နှစ်အကြာမှာတော့Drama တစ်ခုမှာပြန်လည်တွေ့ဆုံခဲ့ပါပီ။
သူမက“ငါတို့က(၁၃)နှစ်အကြာမှတူတူပြန်လာခွင့်ရတာ၊ရိုက်ကူးနေစဉ်အတွင်း“ဒါကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။အရင်ကလိုပဲငါတို့ကတူညီနေတုန်းပဲ” လို့ပြောခဲ့ပါတယ်။နောက်ပီး“ငါတို့ကအလုပ်ကိုကျွမ်းကျင်မြန်ဆန်အောင်လုပ်ရတာကြိုက်တယ်။ဒါကြောင့်လဲသူနဲ့အလုပ်လုပ်ရတာသက်တောင့်သက်သာရှိတယ်” ဆိုပီးပြောခဲ့ပါသေးတယ်။သူတို့ရဲ့Drama အသစ်ဖြစ်တဲ့ ‘Link’ Drama ကိုtvN ကနေဇွန်လ(၆)ရက်နေ့မှာစတင်ပြသသွားမှာပါ။
Source:Kstarlive