သူ့ရဲ့အနာဂတ်ကကလေးအတွက်ထင်ရှားတဲ့နာမည်တွေရွေးထားပီးပီဖြစ်တဲ့BTS’s Jungkook

သူ့ရဲ့အနာဂတ်ကကလေးအတွက်ထင်ရှားတဲ့နာမည်တွေရွေးထားပီးပီဖြစ်တဲ့BTS’s Jungkook

BTS member တွေကိုအသက်အရွယ်ဘယ်လောက်မှာလက်ထပ်ချင်လဲလို့မေးဖူးပါတယ်။Jungkook ကတော့အသက်တစ်ရာမှာလို့ဖြေခဲ့ပါတယ်။တစ်နည်းအားဖြင့်သူဟာဘယ်အသက်အရွယ်ဆိုပီးသတ်မှတ်မထားပဲလက်ထပ်ဖို့ကိုလဲအစီအစဉ်တွေမချထားပုံရပါတယ်။ဒါပေမဲ့ARMY တွေနဲ့သူ့ရဲ့ဖြစ်လာနိုင်တဲ့အနာဂတ်ကိုတော့ပုံဖော်လေ့ရှိတယ်လို့ဖွင့်ပြောခဲ့ဖူးပါတယ်။

    ဒီအပတ်အတွင်းမှာပဲJungkook ဟာသူ့ရဲ့IG မှာARMY တွေနဲ့အမေးအဖြေလုပ်ခဲ့ပါတယ်။ARMY တွေကမေးခွန်းမေးရတာဖြစ်ပီးသူကvideo အတိုလေးတွေနဲ့ပြန်ဖြေပေးတာမျိုးပါ။ဒီလိုနည်းလေးနဲ့IG ဖွင့်ကတည်းကသူဟာARMY တွေနဲ့ဆက်သွယ်လေ့ရှိပါတယ်။ဒီတစ်ခေါက်လဲအိပ်ရာမဝင်ခင်နာရီဝက်အလိုမှာအမေးအဖြေလေးလုပ်ခဲ့ပါတယ်။

ARMY တစ်ယောက်ကမင်းရဲ့ကလေးနာမည်ကိုဘာပေးချင်လဲလို့မေးခဲ့ပါတယ်။Jungkook ကသူ့ရဲ့ကလေးနာမည်ကိုJeon Seol(Jeon Legend)လို့ပေးချင်ပီးအဓိပ္ပါယ်ကတော့ကြီးပြင်းလာတဲ့အခါlegendary တစ်ယောက်ဖြစ်လာစေချင်လို့ပါပဲ။နောက်ထပ်နာမည်ကတော့Jeon Yul (Jeon Shiver/Goosebumps)ဖြစ်ပီးတစ်ခြားသူတွေကိုပျော်ရွှင်မှုတွေပေးနိုင်တဲ့အံဩဖို့ကောင်းတဲ့သူတစ်ယောက်ဖြစ်လာဖို့ရည်ရွယ်တာပါ။

Jungkook ကိုယ်တိုင်ကအရမ်းအံ့ဩဖို့ကောင်းပီးထူးချွန်ထက်မြက်သူမို့သူ့ရဲ့ကလေးကလဲထူးခြားတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုတာကတော့သေချာပါတယ်။

Source:Koreaboo

Leave a Reply

Your email address will not be published.