MV မှာသရုပ်ဆောင်ဖို့အစီအစဉ်လုံးဝမရှိခဲ့ဘူးလို့ပြောလာတဲ့Suga
BTS’ member SUGA နဲ့singer PSY တို့ဟာမကြာခင်ကမှထွက်ရှိလာတဲ့ ‘That That’ သီချင်းကိုအကောင်းဆုံးပုံဖော်ထားတာတွေ့ရမှာပါ။မကြာခင်ကမှPSY ဟာသူ့ရဲ့ထွက်ရှိလာတဲ့album ထဲက‘That That’ သီချင်းကိုSuga ကထုတ်လုပ်ထားပီးသူကco-producer အနေနဲ့ပါဝင်ထားကြောင်းထုတ်ပြောခဲ့ပါတယ်။
PSY က“ဒီအချက်ကြောင့်အရမ်းစိတ်လှုပ်ရှားခဲ့ပီးအိပ်မပျော်ခဲ့ပါဘူး။ဒါကိုဖန်တီးနေချိန်မှာလဲကောင်းကောင်းမအိပ်ခဲ့ရပါဘူး။တကယ်တော့SUGA ကငါ့ကိုအရင်ဆက်သွယ်လာခဲ့တာပါ။တစ်နေ့တော့မသိတဲ့ဖုန်းနံပါတ်တစ်ခုကနေစာတစ်စောင်ရခဲ့ပီးအဲဒါကSUGA ဖြစ်နေတယ်” လို့ပြောခဲ့ပါတယ်။
SUGA က“တကယ်တော့ပူးပေါင်းလုပ်တဲ့သူတွေနဲ့သိပ်မရင်းနှီးပါဘူး။ဘာလို့လဲဆိုတော့ငါကပူးပေါင်းပီးအလုပ်လုပ်တဲ့သူတွေနဲ့အပြင်မှာမကြာခဏတွေ့တဲ့သူမျိုးမဟုတ်လို့ပါ။ဒါပေမဲ့PSY ကတော့ကျွန်တော့်ကိုအပြင်မှာမကြာခဏတွေ့ချင်နေတဲ့သူပါ။တွေ့ဆုံတာကိုလဲသူပဲဆက်ပီးလုပ်သွားတယ်။ထုတ်လုပ်နေစဉ်အတွင်းအများပြီးဆက်သွယ်ဖြစ်ကြတယ်။” လို့ပြောခဲ့ပါတယ်။PSY က“အစကတော့ငါ့သီချင်းကိုသူကထုတ်လုပ်ချင်တာမို့တွေ့ခဲ့တယ်။နောက်ဆုံးတော့သီချင်းထဲမှာသူပါလာတာပဲ” လို့ပြန်ပြောခဲ့ပါတယ်။
SUGA က“တကယ်တော့PSY နဲ့တူတူကတော့တစ်ခါမှမမျှော်လင့်ဖူးပါဘူး။ငါကသီချင်းတစ်ခုပဲရေးရမယ်လို့ထင်ထားတာ” လို့ပြောခဲ့ပါတယ်။
Source:SBSstar