‘Princess Hours’ ထဲကနာမည်ကြီးKissing Scene ရဲ့နောက်ကွယ်ကဖြစ်ရပ်မှန်ကိုပြောပြခဲ့တဲ့Yoon Eun Hye
Actress Yoon Eun Hye ဟာသူမသရုပ်ဆောင်ခဲ့တဲ့ ‘Princess Hours’ ထဲကနာမည်ကြီးKissing Scene ရဲ့နောက်ကွယ်ကစိတ်ဝင်စားဖို့ကောင်းတဲ့ရိုက်ကူးရေးအကြောင်းကိုပြောပြခဲ့ပါတယ်။ဇူလိုင်(၁၇)ရက်နေ့တုန်းကYoon Eun Hye ဟာJTBC ရဲ့television show ဖြစ်တဲ့ ‘Knowing Brothers’ မှာguest အနေနဲ့ရောက်လာခဲ့ပါတယ်။
စကားပြောနေတဲ့အချိန်မှာပဲhost တွေကYoon Eun Hye ရဲ့အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့‘Princess Hours’ Drama ထဲကMyeong-dong မှာရိုက်ကူးခဲ့တဲ့Kissing Scene အကြောင်းကိုပြောခဲ့ပါတယ်။Yoon Eun Hye ကရှက်ရယ်ရယ်ပီး‘Ju Ji Hoon နဲ့ကျွန်မကအဲဒီနေ့မှာဘာscene ရိုက်ရမလဲဆိုတာတကယ်ကိုမသိနေခဲ့ပါဘူး။အဲဒီအချိန်တုန်းကကျွန်မတို့(၂)ယောက်လုံးအနုပညာလောကထဲကrookie လေးတွေဖြစ်တာမို့အနည်းငယ်စိတ်ရှုပ်ထွေးခဲ့ကြပါတယ်” လို့ပြောခဲ့ပါတယ်။
သူမကဆက်ပီး“ကျွန်မတို့လမ်းအလယ်မှာkiss လုပ်ရမယ်ပြောပီးcameraman ကရိုက်ကူးဖို့အဝေးကိုထွက်သွားတာ၊နောက်ပီးသူတို့ကဒီscene ကိုအမှားလုပ်ဖို့ခွင့်မပြုဖူးလို့လဲပြောခဲ့ပါသေးတယ်။ကျွန်မတို့(၂)ယောက်Myeong-dong ရဲ့လူရှုပ်တဲ့လမ်းမပေါ်မှာလက်ကိုင်ပီးလမ်းလျှောက်လာခဲ့တယ်။ကျွန်မတကယ်ကိုစိတ်လှုပ်ရှားပီးရင်တထိပ်ထိပ်ဖြစ်နေခဲ့တာ” ဆိုပီးပြောခဲ့ပါတယ်။
အဲလိုလမ်းလျှောက်လာပီးနောက်production team ကနေရပ်ပီးဦးထုပ်ချွတ်၊ပီးရင်kiss လုပ်ဖို့ပြောခဲ့ပါတယ်။Yoon Eun Hye က“ကျွန်မတို့kiss ခဲ့ကြတယ်။လမ်းပေါ်မှာရှိတဲ့လူတွေကကျွန်မတို့ဘက်ကစုရုံးလာကြပီးကြည့်နေခဲ့ကြတာ။အဲဒီလူတွေက‘Oh my!’ ဆိုပီးphoto တွေရိုက်နေခဲ့ကြတာ” တဲ့။
သူမက“ကျွန်မတို့ကDrama ထဲမှာဒီနိုင်ငံရဲ့Prince နဲ့Princess တွေဖြစ်တာမို့ဒီလိုတုံ့ပြန်မှုမျိုးရဖို့လိုအပ်တယ်လေ။တကယ်တော့သူတို့ကcameraman တစ်ယောက်မှမတွေ့တာမို့real life မှာDating လုပ်နေကြတယ်လို့ပဲထင်နေတာ။ဒီအပိုင်းမထုတ်လွှင့်ခင်တုန်းကဆိုinternet ပေါ်မှာတော်တော်လေးနာမည်ကြီးနေခဲ့တာ” ဆိုပီးပြောပြခဲ့ပါတယ်။
သူမကနောက်ဆုံးအနေနဲ့“ဘယ်လိုပဲဖြစ်ဖြစ်ဒီkissing scene ကဒီလိုidea နဲ့လှလှပပထွက်လာမယ်လို့မထင်ခဲ့မိဘူး။ဒါဟာအရမ်းလှပသေသပ်တဲ့kissing scene ဖြစ်ခဲ့ပါတယ်” ဆိုပီးပြန်ပြောပြခဲ့ပါတယ်။ဒီDrama ဟာ2006 တုန်းကအရမ်းကိုနာမည်ကျော်ကြားခဲ့ပီးအဲဒီအချိန်တုန်းကSouth Korea ရဲ့ကြည့်ရှုသူအများဆုံးDrama တစ်ခုဖြစ်ခဲ့သလိုinternational မှာလဲအောင်မြင်ခဲ့ပါတယ်။
Source:SBS star