အနာဂတ်မှာဘယ်လိုသရုပ်ဆောင်မျိုးဖြစ်ချင်တယ်ဆိုတာကိုပြောပြခဲ့တဲ့Ahn Hyo Seop

အနာဂတ်မှာဘယ်လိုသရုပ်ဆောင်မျိုးဖြစ်ချင်တယ်ဆိုတာကိုပြောပြခဲ့တဲ့Ahn Hyo Seop

မကြာခင်ကအင်တာဗျူးမှာAhn Hyo Seop ကသရုပ်ဆောင်အလုပ်ကြောင့်ရရှိတဲ့အဖူးအပွင့်တွေနဲ့အနာဂတ်ကသူ့ရဲ့goals ကိုပြောပြခဲ့ပါတယ်။

     

သူက“Fan တွေမြင်ချင်နေတဲ့actor တစ်ယောက်?ငယ်ငယ်တုန်းကငါကြိုက်ခဲ့တဲ့မင်းသားတွေရှိတယ်။သူတို့မှာအသံကောင်းကောင်းရှိရှိမရှိရှိ၊ရုပ်ရည်ချောမချောငါ့အတွက်မလိုအပ်ခဲ့ဘူး။ဒါပေမဲ့ဒီအတိုင်းလေးကြိုက်တယ်။ဒါကြောင့်လဲDrama နဲ့movie တွေအများကြီးမှာသူတို့ကိုမြင်ချင်တယ်။ဘာကြောင့်သူတို့ကိုကြိုက်တာလဲလို့မေးရင်ရှင်းပြဖို့အရမ်းခက်ပါတယ်။ဒီလိုရိုးရှင်းတဲ့အကြောင်းပြချက်နဲ့ငါကလဲလူတွေအမြဲတမ်းဒီအတိုင်းမြင်ချင်နေတဲ့သရုပ်ဆောင်လိုမျိုးဖြစ်ချင်ပါတယ်လို့ပြောခဲ့ပါတယ်။

“A Business Proposal” Drama ထဲကသူ့ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပီးဒီDrama ကြောင့်အချစ်တွေအများကြီးလက်ခံရရှိခဲ့ပီးဒီအချစ်တွေကိုပြန်ပေးပေးချင်လောက်အောင်ငါ့ကိုလုပ်နိုင်ခဲ့ပါတယ်။ဒီအရာတွေကိုပြန်ပေးဖို့နည်းလမ်းတွေအများကြီးရှိပေမဲ့ကောင်းမွန်တဲ့project အကြီးတွေမှာအရမ်းကောင်းတဲ့ဇာတ်ကောင်တွေဖန်တီးပီးကြည့်ရှုသူတွေကိုပျော်ရွှင်အောင်လုပ်ပေးချင်ပါတယ်

ဒါကတစ်ခြားသူတွေအတွက်အချိန်လဲကြာနိုင်သလိုအချိန်လဲတိုကောင်းတိုနိုင်ပါတယ်။ဒါကြောင့်စောင့်ပါလို့မပြောနိုင်ပါဘူး။အကုန်လုံးသူတို့ရဲ့ကိုယ်ပိုင်ဘဝလေးကိုရှင်သန်ကြရင်းတစ်ချိန်မှာငါကတစ်ထောင့်တစ်နေရာကနေပေါ်လာမှာပါ။ဒါ့ကြောင့်ငါပြန်လာတဲ့အချိန်ထိဘဝမှာပျော်ရွှင်ခြင်းတွေနဲ့ကောင်းမွန်ခြင်းတွေပဲတွေ့ဆုံပါစေလို့ပြောလိုပါတယ်  လို့ပြောခဲ့ပါတယ်။

Source:Soompi

Leave a Reply

Your email address will not be published.