အချိန်အကြာကြီးလက်တွဲခဲ့တဲ့မန်နေဂျာနဲ့အတူကိုယ်ပိုင်အေဂျင်စီထောင်လိုက်ပီဖြစ်တဲ့Ahn Hyoseop
သူနဲ့သူ့ရဲ့မန်နေဂျာကဒီcompany ရဲ့co-CEO တွေဖြစ်လာကြမှာပါ။မေလ(၂)ရက်နေ့ရဲ့သတင်းအရAhn Hyoseop နဲ့သူ့ရဲ့မန်နေဂျာKim Minji တို့ဟာသူတို့ရဲ့ကိုယ်ပိုင်အေဂျင်စီဖြစ်တဲ့The Present Company ကိုတည်ထောင်လိုက်ပါပီ။
Kim Minji က“‘The Present Company’ ရဲ့အဓိပ္ပါယ်ဟာလက်ဆောင်တစ်ခုကိုပေးနေတဲ့လက်ရှိအချိန်မှာနေထိုင်ခြင်းလို့ဆိုလိုပါတယ်။လူထုနဲ့အတူပျော်ရွှင်ခြင်းနဲ့စိတ်အားထက်သန်မှုတွေကိုမျှဝေဖို့ရည်ရွယ်ပါတယ်” ဆိုပီးမှတ်ချက်ပေးခဲ့ပါတယ်။
သင်သိထားသလိုပဲAhn Hyoseop ဟာလက်ရှိမှာ ‘A Business Proposal’ Drama ထဲကKang Taemu ဇာတ်ကောင်နဲ့အချစ်တွေအများကြီးလက်ခံရရှိနေသူပါ။လက်ရှိမှာလဲများစွာသောproject တွေရဲ့ကမ်းလှမ်းချက်တွေကိုစဉ်းစားနေဆဲဖြစ်ပါတယ်။
Source:Kstarlive