အရမ်းထူးချွန်တဲ့လုပ်ဆောင်ချက်တွေကြောင့်စစ်မှုထမ်းနေရာကအစောကြီးရာထူးတိုးခံရတဲ့EXO’s Chanyeol
Chanyeol ဟာခုဆိုရင်စစ်မှုထမ်းနေရာမှာတပ်ကြပ်ကြီးအဖြစ်ရာထူးတိုးခံခဲ့ရပါတယ်။မေလ(၁)ရက်နေ့ရဲ့သတင်းအရလက်ရှိစစ်မှုထမ်းနေတဲ့EXO’s Chanyeol ဟာမကြာခင်ကရာထူးတိုးခဲ့ပါတယ်။သတင်းအရသူဟာမျှော်လင့်ထားတဲ့ရက်ထက်တစ်လစောပီးတပ်ကြပ်ကြီးရာထူးကိုတိုးခံခဲ့ရတာပါ။
ဒါဟာChanyeol ရဲ့စစ်မှုထမ်းနေစဉ်အတွင်းထူးချွန်တဲ့လုပ်ဆောင်ချက်တွေကိုအထူးထောက်ခံတဲ့အနေနဲ့ရာထူးတိုးခံရတာဒုတိယအကြိမ်ဖြစ်ပါတယ်။၂၀၂၁နိုဝင်ဘာလတုန်းကChanyeol ဟာ“special warrior” စစ်ဆေးမှုကိုအောင်မြင်ခဲ့တာကြောင့်တပ်ကြပ်အဖြစ်သတ်မှတ်ရက်ထက်တစ်လစောပီးရာထူးတိုးခံရပါတယ်။Chanyeol Oppa အတွက်Fan တွေကလဲအရမ်းကိုဂုဏ်ယူပါတယ်။
Source:Kstarlive