တစ်မူထူးခြားတဲ့Sleeping habit တွေရှိကြတဲ့idol(၆)ယောက်
လူတွေမှာပုံမှန်မဟုတ်တဲ့Sleeping Habit တွေရှိတတ်ကြပါတယ်။သင်ကိုယ်တိုင်တောင်အိပ်နေတဲ့အချိန်ဘယ်လိုအကျင့်တွေရှိလဲဆိုတာမပြောနိုင်ပါဘူး။သင်အိပ်နေတဲ့အချိန်ဘယ်လိုဖြစ်နေလဲဆိုတာတစ်ခြားတစ်ယောက်ကသာပြောပြနိုင်မှာအသေအချာပါပဲ။သင့်ရဲ့အကျင့်ကိုဖုံးကွယ်ထားချင်ထားနိုင်ပေမဲ့K-pop idol တွေကဖုံးကွယ်လို့မရနိုင်ပါဘူး။
GFRIEND’s Yuju Yuju ကတော့ကျော်ကြားတဲ့idol တစ်ယောက်ပါ။Yuju ဟာထူးဆန်းတဲ့ကိုယ်နေကိုယ်ထားနဲ့အိပ်တယ်လို့Eunha ကပြောပြခဲ့ပါတယ်။Yerin ကလဲYuju ဟာအိပ်နေရင်းထလာပီး ‘hello’ ဆိုပီးပြောတတ်ပါတယ်တဲ့။Yuju က“အဲဒီအချိန်ကအိပ်မက်ထဲမှာstaff တစ်ယောက်နဲ့တွေ့နေပီး“hello” လို့နှုတ်ဆက်နေတာပါ” ဆိုပီးရှင်းပြခဲ့ပါတယ်။
INFINITE’s L
အရင်တုန်းကTV show တစ်ခုမှာINFINITE member တွေဟာguest အဖြစ်လာခဲ့ကြပါတယ်။Member တွေဟာL ကိုအဆိုးဆုံးအိပ်စက်သူအဖြစ်ရွေးချယ်ခဲ့ပါတယ်။Woohyun က“တစ်နေ့တော့Lအိပ်နေတဲ့အချိန်သူ့ရဲ့ပါးမှာနီနေတာကိုတွေ့ခဲ့ပါတယ်။သူကအိပ်နေရင်းသူ့ပါးသူရိုက်နေတာပါ” လို့ပြောပြခဲ့ပါတယ်။
Red Velvet ‘s Joy
Red Velvet ထဲမှာပုံမှန်မဟုတ်တဲ့Sleeping habit ရှိသူကတော့joy ပဲဖြစ်ပါတယ်။Radio အစီအစဉ်တစ်ခုမှာYeri ကjoy ရဲ့အကျင့်ကိုပြောပြခဲ့ပါတယ်။Yeri က” joy ဟာအိပ်နေရင်းစကားပြောပါတယ်။သူမကအကြောင်းအရာတစ်ခုကိုမအိပ်နေတဲ့လူတစ်ယောက်လိုပြောနေတာပါ” တဲ့။Wendy ကထပ်ပီး“သူအိပ်နေတာမဟုတ်ဘူးလို့ထင်ခဲ့တာ။နောက်နေ့ကျတော့သူဘာမှမမှတ်မိတော့ဘူး” လို့ပြောခဲ့ပါတယ်။
EXO’s Chanyeol
EXO member တွေရဲ့ပြောပြချက်အရChanyeol ဟာမျက်စိဖွင့်ပီးအိပ်တတ်ပါတယ်။Chanyeol က“ကျွန်တော်နိုးတဲ့အချိန်မှာမျက်လုံးတွေခြောက်နေပါတယ်။ဘာလို့လဲဆိုတော့မျက်စိဖွင့်ပီးအိပ်နေလို့ပါ” ဆိုပီးသူ့ကိုယ်သူအတည်ပြုပေးခဲ့ပါတယ်။
TWICE’s Nayeon
Mina ကNayeon ရဲ့Sleeping habit အကြောင်းတစ်ခါပြောပြဖူးပါတယ်။“သူမအိပ်နေတဲ့အချိန်မှာတောင်ရယ်နေပီးသီချင်းလဲဆိုပါတယ်” လို့ပြောပြခဲ့ပါတယ်။
ASTRO’s Cha Eunwoo
Jinjin ကCha Eunwoo ရဲ့sleeping habit အကြောင်းပြောခဲ့သူပါ။“သူအိပ်နေတဲ့အချိန်သူ့ကိုယ်သူစကားတွေအများကြီးပြောနေပါတယ်။နောက်ပီးပြုံးရင်းနဲ့“Hello” နဲ့“Thank u” ကိုလဲပြောတတ်ပါသေးတယ်” လို့ပြောပြခဲ့ပါတယ်။Cha Eunwoo က“အိပ်နေတဲ့အချိန်မှာ“hello” ကိုပြောခဲ့ဖူးပါတယ်” တဲ့။