Thai TV3 ရဲ့မင်သားတွေဖြစ်ခဲ့ဖူးတဲ့သူတို့ရဲ့အသစ်ထွက်ရှိလာမဲ့Drama အသစ်များ
Apo Nattawin
Apo Nattawin ဟာ2015 တုန်းက “Sut Khaen Saen Ruk” Drama မှာသရုပ်ဆောင်ရင်းThai TV3 ရဲ့actor အနေနဲ့ပွဲဦးထွက်ခဲ့သူပါ။အခုတော့“KinnPorsche” ဆိုတဲ့BL series မှာသူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကိုပြသနေပါတယ်။
Mai Warit
Mai Warit ကတော့2013 ရဲ့Drama “Mae Pia Due” မှာသရုပ်ဆောင်ရင်းThai TV3 နဲ့စတင်အလုပ်လုပ်ခဲ့ပါတယ်။လက်ရှိမှာKwan Usamanee နဲ့အတူ “Samee Ngoen Phon” ဆိုတဲ့remake drama ကိုရိုက်ကူးနေပါတယ်။
Indy Intad
Indy Intad ကတော့2013 တုန်းက“Madam Dun” Drama မှာပထမဆုံးအကြိမ်သရုပ်ဆောင်ခဲ့ပါတယ်။Nadech Kugimiya, Yaya Urassaya တို့နဲ့အတူ“The Crown Princess” မှာသရုပ်ဆောင်ပီးနောက်နာမည်ကျော်ကြားလာပါတယ်။သူ့ရဲ့Drama အသစ်ဖြစ်တဲ့ “Music and Krasue” ကိုThai channel 8 မှာပြသနေပီး “Luerd Kakee” Drama အသစ်ကိုလဲရိုက်ကူးနေပါတယ်။
God Jirayu
God Jirayu ဟာ “Love Destiny” , “Krachao See Da” Drama တို့နဲ့လူသိများကျော်ကြားသူတစ်ယောက်ပါ။သူ့ရဲ့series အသစ်ဖြစ်တဲ့“The Last Happy New Year” ကိုONE 31 မှာပြသနေပါတယ်။နောက်ပီး“Bad Guys” နဲ့“Lai Kinaree” Drama Series တွေနဲ့လဲထပ်တွေ့ရဦးမှာပါ။
Ken Phupoom
ONE 31 နဲ့ပထမဆုံးအကြိမ်အလုပ်လုပ်ခဲ့တဲ့Ken Phupoom ဟာVill Wannarot နဲ့အတူ“My Lovely Bodyguard” Drama မှာသရုပ်ဆောင်ထားပါတယ်။
Top Jaron
Top Jaron ကတော့“Pom Sanaeha” Drama မှာဗီလိန်ဇာတ်ကောင်ကိုပြသနေပါတယ်။မကြာခင်မှာ“Dai Deep” movie လဲရှိနေပါတယ်။
Source:Thai Update