ကျောင်းတုန်းကအတန်းဖော်ကောင်မလေးကိုFan အဖြစ်တွေ့လိုက်ရတဲ့MONSTA X KIHYUN

ကျောင်းတုန်းကအတန်းဖော်ကောင်မလေးကိုFan အဖြစ်တွေ့လိုက်ရတဲ့MONSTA X KIHYUN

မေလ()ရက်နေ့ကMONSTA X ဟာGroup ရဲ့11ကြိမ်မြောက်mini album  ‘SHAPE of LOVE’ ထုတ်တဲ့အနေနဲ့လက်မှတ်ထိုးပေးတဲ့event ကျင်းပခဲ့ပါတယ်။အဲဒီမှာKIHYUN ကျောင်းတုန်းကသူ့ရဲ့အတန်းဖော်ဖြစ်ခဲ့ဖူးတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။အဲဒီကောင်မလေးကသူမဟာKIHYUN နဲ့ဟိုးအရင်ထဲကအတန်းတူဖူးပေမဲ့MONSTA X ကိုစကြိုက်တုန်းကKIHYUN ကိုသူ့အတန်းကKIHYUN မှန်းမသိခဲ့ပါဘူးလို့ရှင်းပြခဲ့ပါတယ်။   

MONSTA X ကိုသူမစကြိုက်လာပီးနောက်မှာတော့KIHYUN ကသူမနှလုံးသားထဲဝင်လာပီးနောက်ဆုံးတော့သူမရဲ့bias ဖြစ်လာပါတယ်။၂လလောက်သူမဟာKIHYUN ရဲ့Fangirl အဖြစ်နဲ့အလုပ်တွေရှုပ်နေပေမဲ့KIHYUN ဟာသူမငယ်ငယ်တုန်းကအိမ်နီးချင်းတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာမသိသေးပါဘူး။

ဒါပေမဲ့တစ်နေ့မှာတော့KIHYUN ကသူမရဲ့အတန်းဖော်KIHYUN ဖြစ်တာကိုသိလိုက်ရတယ်။နောက်ပီးဒီလက်မှတ်ထိုးတဲ့event လက်မှတ်ကိုကံကောင်းစွာနဲ့ရခဲ့ပီးKIHYUN ကိုလူချင်းတွေ့ဖို့သွားခဲ့ပါတယ်။KIHYUN ကသူမနဲ့သူမနာမည်ကြားကြားချင်းပဲသူ့ရဲ့မျက်လုံးတွေကျယ်လာပီးပါးစပ်ဟကာsuprise ဖြစ်နေခဲ့ပါတယ်။

သူမကmask တပ်ထားပေမဲ့KIHYUN ကမှတ်မိနေခဲ့ပါတယ်။KIHYUN ကသူမကိုမှတ်မိဖို့မမျှော်လင့်ခဲ့ပေမဲ့ချက်ချင်းမှတ်မိနေတဲ့အခါကျေးဇူးတင်ပီးသူ့ကိုသိဖို့()လလောက်အချိန်ယူခဲ့ရတဲ့အတွက်လဲစိတ်မကောင်းဖြစ်မိတယ်လို့ပြောခဲ့ပါတယ်။KIHYUN ကမယုံနိုင်တဲ့ပုံနဲ့ဒါတကယ်ပဲလား။ဒါကတကယ်ငါသိခဲ့တဲ့နင်မလား။တကယ်ကြီးလား။အချိန်တွေဘယ်လောက်တောင်ကြာသွားပီလဲ။မင်းရောဘယ်လိုဖြတ်သန်းနေလဲလို့မေးခဲ့ပါတယ်။

သူမကဟုတ်တယ်။နှစ်တွေတစ်ချို့ကြာခဲ့ပီ။တကယ်ကိုပဲ။ငါအကောင်းဆုံးကြိုးစားနေပါတယ်။ငါအလုပ်နဲ့ရှုပ်နေရုံပါပဲ။လို့ပြန်ဖြေတာကိုKIHYUN ကရယ်ရင်းငါတို့တကယ်ကိုအသက်ကြီးလာပီပဲ။ငါဆိုလိုတာကငါတို့တစ်ဖြည်းဖြည်းနဲ့အသက်အရွယ်ကြီးလာပီလို့ပြောနေပေမဲ့ကံမကောင်းစွာနဲ့ပဲအချိန်စေ့သွားပီးသူမကအဲဒီနေရာကထွက်ခွာခဲ့ရပါတယ်။သူမကလက်ရေးနဲ့ရေးထားတဲ့စာတစ်စောင်ကိုKIHYUN ဆီပေးထားခဲ့ပီးသူ့ကိုဆက်ပီးsupport သွားမယ်လို့ပြောခဲ့ပါတယ်။

Source:Sbsstar

Leave a Reply

Your email address will not be published.