နှစ်အကုန်မှာကလေးတွေအတွက်လှူဒါန်းမှုလုပ်ခဲ့တဲ့Lee Jong Suk

နှစ်အကုန်မှာကလေးတွေအတွက်လှူဒါန်းမှုလုပ်ခဲ့တဲ့Lee Jong Suk

Lee Jong Suk ကတော့နှစ်အဆုံးမှာအဓိပ္ပါယ်ပြည့်စုံတဲ့လှူဒါန်းမှုတစ်ခုလုပ်ခဲ့ပါတယ်။သူဟာဒီဇင်ဘာ(၃၀)ရက်နေ့က100 million won (approximately $84,119) ကိုလှူဒါန်းခဲ့ပါတယ်။ဒီလှူဒါန်းမှုကိုအသက်(၁၈)နှစ်မှာမိဘရဲ့ပြုစုပျိုးထောင်မှုအောက်ကထွက်ပီးကိုယ်တိုင်ရပ်တည်နိုင်ဖို့အခက်အခဲတွေရင်ဆိုင်နေရတဲ့ကလေးတွေအတွက်သုံးမှာပါ။အထူးသဖြင့်ခုလိုရှည်လျားလှတဲ့ရောဂါဖြစ်ပွားမှုအခြေအနေမှာပိုပီးခက်ခဲကြလို့ပါ။

Lee Jong Suk ကလွတ်လပ်မှုဆိုတာကတစ်ညထဲနဲ့ရနိုင်တာမဟုတ်ဘူးလို့ထင်တယ်။မိဘရဲ့ဂရုစိုက်မှုအောက်မှာနေရင်းကျန်းကျန်းမာမာကြီးပြင်းကြပီးပညာရေးနဲ့အလုပ်မှာကန့်သတ်ချက်တွေမရှိပဲပျော်ရွှင်စွာလုပ်နိုင်ကြဖို့မျှော်လင့်ပါတယ်ဆိုပီးရေးသားခဲ့ပါတယ်။

Green Umbrella Children’s Foundation ရဲ့ဥက္ကဌဖြစ်တဲ့Lee Je Hoon ကနှစ်ဆုံးမှာဒီလိုလှူဒါန်းမှုလုပ်ပေးတဲ့အတွက်Lee Jong Suk ကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။လူမှုအသိုင်းအဝန်းထဲပထမဆုံးခြေလှမ်းကြမဲ့လူငယ်လေးတွေအတွက်ဒီလိုရှည်လျားတဲ့ရောဂါဖြစ်ပွားမှုအခြေအနေဟာတကယ်ကိုအခက်အခဲဖြစ်နေစေတာပါ။The Green Umbrella Children’s Foundation ကနေပီးဒီလူငယ်တွေကိုကျန်းမာလွတ်လပ်တဲ့သူတွေဖြစ်ဖို့အကောင်းဆုံးကြိုးစားကူညီပေးမှာပါဆိုပီးထုတ်ပြန်ခဲ့ပါတယ်။

Source:Soompi

Leave a Reply

Your email address will not be published.