Snowdrop Drama ထဲကActress Kim Mi Soo အသက်(၃၁)နှစ်မှာကွယ်လွန်
Osen ကသတင်းအရactress Kim Mi Soo ဟာအသက်(၃၁)နှစ်မှာကွယ်လွန်သွားပီပဲဖြစ်ပါတယ်။ဘာကြောင့်ကွယ်လွန်ရလဲဆိုတာကိုတော့မထုတ်ပြန်ထားပါဘူး။သူမရဲ့ဈာပနာကိုSungsim Funeral Home မှာမိသားစုတွေနဲ့ပဲပြုလုပ်သွားမှာပါ။
သူမရဲ့agency ဖြစ်တဲ့Landscape Entertainment ကနေဒီသတင်းကိုအတည်ပြုပေးလိုက်ပါပီ။“ရင်နာစရာကောင်းတဲ့ဒီသတင်းကိုပြောပြရပါတော့မယ်။Actress Kim Mi Soo ဟာဇန်နဝါရီ(၅)ရက်နေ့မှာရုတ်တရက်ကွယ်လွန်သွားပါတယ်။သူမရဲ့မိသားစုတွေကဒီလိုရုတ်တရက်ဝမ်းနည်းဖွယ်သတင်းကြောင့်ပူဆွေးနေရပါတယ်။သူမရဲ့သေဆုံးမှုနဲ့ပတ်သက်ပီးသတင်းအမှားတွေအထင်အမြင်တွေမတင်ကြဖို့ပြောချင်ပါတယ်။
သူမမိသားစုရဲ့ဆန္ဒအရသူမရဲ့ဈာပနာကိုမိသားစုဝင်တွေနဲ့ပဲပြုလုပ်သွားမှာပါ။ကျေးဇူးပြုပီးသူမအတွက်ဆုတောင်ပေးဖို့နဲ့သူမရဲ့ကွယ်လွန်မှုအတွက်အလွန်ပင်ဝမ်းနည်းရကြောင်းပြောချင်ပါတယ်” ဆိုပီးagency ကထုတ်ပြန်ခဲ့ပါတယ်။Kim Mi Soo ဟာSnowdrop Drama မှာYeo Jung Min နေရာကနေပါဝင်ထားပီးHellbound, Yumi’s Cellsနဲ့ Hi, Bye Mama! Drama တွေမှာလဲပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Source:Soompi