Drama အသစ်မှာအတူသရုပ်ဆောင်ကြမဲ့Nadech Kugimiya နဲ့Kimmy Kimberley
ဇန်နဝါရီ(၁၀)ရက်နေ့ကDaradaily ကနေNadech Kugimiya နဲ့Kimmy Kimberley Anne Woltemas တို့ဟာThai TV3 ရဲ့Drama အသစ်မှာအတူသရုပ်ဆောင်ကြမှာဖြစ်ကြောင်းတင်ခဲ့ပါတယ်။
ဒါပေမဲ့Drama ရဲ့အချက်အလက်နဲ့title ကိုတော့မထုတ်ပြန်ရသေးပါဘူး။ဒီTop star (၂)ယောက်ဟာ2013 တုန်းက “Raeng Prathana” Drama မှာပထမဆုံးအကြိမ်Drama Couple အဖြစ်သရုပ်ဆောင်ခဲ့ပီး(၉)နှစ်ကြာပီးနောက်ပြန်လည်တွေ့ဆုံကြပါပီ။လွန်ခဲ့တဲ့လအနည်းငယ်တုန်းကKim ဟာသူမအရင်တုန်းကအလုပ်တူတူလုပ်ဖူးတဲ့မင်းသားတစ်ယောက်နဲ့Drama အသစ်ရိုက်ဖို့ရှိကြောင်းအရိပ်အမြွက်ပေးခဲ့ပါတယ်။
Nadech ကတော့အခုYaya Urassaya နဲ့အတူ “Lai Kinaree” Drama ကိုရိုက်ကူးနေပီးKimmy Kimberley ကတော့Mario Maurer နဲ့အတူ“Mor Luang” Drama ရိုက်ကူးဖို့ရှိနေပါတယ်။
Source:Thai Update