ထိုင်းCh7 ရဲ့မင်းသမီးတွေဖြစ်ခဲ့ဖူးတဲ့နာမည်ကျော်ထိုင်းမင်းသမီးများ(part 3)
Thai Ch7 ကထွက်ခွာပီးနောက်ဒီအရည်အချင်းရှိတဲ့ထိုင်းမင်းသမီးတွေဟာများစွာသောနာမည်ကျော်channel တွေနဲ့အလုပ်တူတူလုပ်နေကြပါတယ်။
Green Ausadaporn
Green Ausadaporn ကတော့2019 နှစ်လယ်လောက်မှာThai Ch7 ကနေထွက်ခွာခဲ့ပါတယ်။2021 မှာတော့“Krachao See Da” Drama ထဲကသူမရဲ့သရုပ်ဆောင်ချက်တွေကြောင့်တစ်ဟုန်ထိုးနာမည်ကျော်ကြားလာသူပါ။အခုလဲ “Club Friday The Series: The Last Happy New Year” နဲ့“Chom Chod” Drama တွေကိုရိုက်ကူးနေပါတယ်။မကြာခင်မှာပဲONE 31 နဲ့အတူ“Phanom Naka” ဆိုတဲ့project အသစ်လုပ်ဖို့ရှိနေပါတယ်။
Min Pechaya
Min Pechaya နဲ့Thai channel 7 တို့ရဲ့စာချုပ်သက်တမ်းဟာ2020 နှစ်ကုန်လောက်မှာကုန်ဆုံးခဲ့ပါတယ်။လက်ရှိသူမဟာWin Metawin နဲ့အတူ“Devil Sister” series အသစ်ကိုရိုက်ကူးနေပါတယ်။
Pooklook Fonthip
2018 အကုန်မှာPooklook Fonthip ဟာThai Ch7 နဲ့စာချုပ်သက်တမ်းကုန်ပီးPPTV ကိုပြောင်းခဲ့ပါတယ်။2020 နှစ်ကုန်ပိုင်းမှာတော့Free agent တစ်ယောက်ဖြစ်လာခဲ့ပါတယ်။လက်ရှိONE 31 drama ဖြစ်တဲ့“Wiwa Fah Laep” ကိုTono Pakin နဲ့အတူရိုက်ကူးနေပါတယ်။
Source:Thai Update